Convicted German timber trader investigated by EIA is raided for dealing in illegal Myanmar teak
“မြန်မာဘာသာဖြင့် ဖတ်ရှုရန် အောက်ပိုင်းကို ဆက်ကြည့်ပါ။”
Working with information supplied by EIA’s Forests team, German police and customs have raided the private villa of timber trader Stefan Bührich and the grounds of a company of which he was previously a director.
The raids on Wednesday took place amid fresh allegations concerning 10 counts of illegally trading Myanmar teak into Germany via Croatia.
Bührich is the former director of WOB Timber in Hamburg, a timber company previously investigated by EIA for exploiting regulatory loopholes to trade illicit timber in circumvention of the EU Timber Regulation (EUTR).
The EUTR requires those first placing imported timber onto the EU marketplace to conduct due diligence from the stump to the shipment for export – something which is not possible under Myanmar’s opaque system.
Timber imports from Myanmar are now doubly illegal under sanctions put in place in response to the country’s military coup in February last year.
In Wednesday’s raid, a total of 111m3 of teak worth more than €1 million was seized from two locations owned by WOB Timber on suspicion of being illegal Myanmar teak smuggled via Croatia into Germany. In addition to the timber, company assets worth €1.7 million were also seized.
In the 2020 EIA report The Croatian Connection Exposed, WOB Timber was identified as one of several companies using Croatian outfit Viator Pula to import timber into the EU and attempting to avoid the EUTR’s due diligence requirements, which the German authorities had warned could not be complied with when trading Myanmar teak.
Additionally, evidence of systemic tax evasion connected to this trade has been uncovered by EIA.
The Regional Court in Hamburg has previously found that WOB Timber had evaded the EU sanctions on 31 separate shipments of timber worth millions of euros from 2008-11, when the previous military junta –the State Peace and Development Council (SPDC) – and the timber sector including the State-owned Myanmar Timber Enterprise was sanctioned by the EU.
The verdict by the German court ordered the company to pay a fine of €3.3 million and sentenced director Stephan Bührich to a 21-month suspended prison sentence and a fine of €200,000 – and warned that further cases would result in even harsher penalties. The verdict was appealed by Bührich and a final decision is pending.
EIA Forests Campaigns Leader Faith Doherty said: “This is a great result and a clear signal to the rest of the industry that it is absolutely unacceptable for European firms to import blood wood from Myanmar and, effectively, stuffing money into the pockets of the brutal junta running the country.
“Our recent investigations into the importation of illicit teak from Myanmar into Europe have exposed individuals and companies in Croatia, Italy and elsewhere who have breached EU law.
“The excellent work from the German authorities should give confidence to other law enforcement agencies to act on findings provided by EIA and the forest monitors within Myanmar, risking their lives to provide evidence-based information – we urge them to follow Germany’s lead.”
EIA အဖွဲ့၏ ကူညီ သတင်းပံ့ပိုးပေးမှုနှင့်အတူ ဂျာမနီရဲတပ်ဖွဲ့ နှင့် အကောက်ခွန်ဌာနတို့သည် သစ်ကုန်သည် Stefan Bührich ပိုင်ဆိုင်သည့် အိမ်ဝင်း နှင့် (မကြာသေးမီအချိန်ထိ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆေင်ခဲ့သော) ကုမ္ပဏီ၏ခြံဝင်းတို့ကို ရှောင်တခင် ဝင်ရောက်စီးနှင်းရှာဖွေလိုက်သည်။
ခရိုအေးရှားနိုင်ငံမှတဆင့် ဂျာမနီနိုင်ငံသို့ မြန်မာ့ကျွန်းသစ်များ တရားမဝင်တင်ပို့ရောင်းချမှု ၁၀ ကြိမ်တိတိ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များ လောလောလတ်လတ် ပေါ်ပေါက်နေသည့်အချိန်တွင် အဆိုပါ ဝင်ရောက်စီးနှင်းရှာဖွေမှုကို ဗုဒ္ဓဟူးနေ့တွင် လုပ်ဆောင်ခဲ့သည်။
Bührich သည် ဥရောပသမဂ္ဂအဖွဲ့ သစ်ဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များကို လက်တစ်လုံးခြား လုပ်ကာ ဥပဒေမူဘောင်၏ဟာကွက်များကို အသုံးချ၍ တရားမဝင်သစ်များကို ကုန်သွယ်ရောင်းဝယ်မှု ကျူးလွန်ခဲ့သည်ဟု EIA အဖွဲ့၏ စုံစမ်းဖော်ထုတ်ခြင်းခံခဲ့ရသော ဟမ်းဘတ်မြို့အခြေစိုက် WOB သစ်ကုမ္ပဏီ၏ ဒါရိုက်တာဟောင်း ဖြစ်သည်။
ဥရောပသမဂ္ဂအဖွဲ့ သစ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ သစ်များတင်ပို့လျှင် သစ်ပင်ခုတ်လှဲသည့်အချိန်မှ ပြင်ပသို့တင်ပို့သည့် လုပ်ငန်းစဉ်တလျှောက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဆောင်ရွက်ထားခြင်းရှိ မရှိ (due diligence) ကို လုပ်ဆောင်ရန်လိုအပ်ပြီး၊ မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိသော လက်ရှိအခြေအနေအရ ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခံထားရသဖြင့် မြန်မာနိုင်ငံမှ သစ်တင်ပို့ခြင်းသည် တရားဝင်ခြင်းမရှိပေ။
ဗုဒ္ဓဟူးနေ့ စီးနှင်းရှာဖွေမှုတွင် ခရိုအေးရှားနိုင်ငံမှတဆင့် ဂျာမနီနိုင်ငံသို့ တရားမဝင် တင်သွင်းသည့် မြန်မာ့ကျွန်းသစ်များဖြစ်သည်ဟု သံသယဖြစ်ဖွယ်ရှိသည့် WOB Timber ကုမ္ပဏီပိုင်ဆိုင်သော သစ်သိုလောင်ထားသည့် နှစ်နေရာမှ ယူရို ၁ သန်းကျော် တန်ဖိုးရှိသော ကျွန်းသစ် ၁၁၁ ကုဗပေမီတာကို သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါသိမ်းဆည်းရရှိမှုအပြင် ၎င်းကုမ္ပဏီ၏ ယူရို ၁.၇ သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှု ပစ္စည်းများလည်း သိမ်းဆည်းခံခဲ့ရသည်။
EIA အဖွဲ့က ၂၀၂၀ တွင် ထုတ်ပြန်ခဲ့သည့် The Croatian Connection Exposed အစီရင်ခံစာတွင် WOB Timber ကုမ္ပဏီသည် ဥရောပသို့ သစ်တင်ပို့ရောင်းချရာတွင် ခရိုအေးရှားကုမ္ပဏီ Viator Pula ကို ကြားခံ အသုံးပြုနေသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်ဟု ဖော်ပြထားရှိပါသည်။ ထိုသို့အသုံးပြုရခြင်း၏ ရည်ရွက်ချက်မှာ မြန်မာ့သစ်များကို ကုန်သွယ်ရောင်းဝယ်ရာတွင် မဖြစ်မနေ လိုက်နာရမည်ဟု ဂျာမနီအာဏာပိုင်များက သတိပေးထားသော ဥရောပသမဂ္ဂအဖွဲ့၏ သစ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်ပါ Due Diligence စည်းမျည်းများကို ရှောင်ကွင်းရန်ဖြစ်သည်။
ထို့အပြင် သစ်ကုန်သွယ်ရာတွင် စနစ်တကျအခွန်ရှောင်မှုသည့် ပက်သက်သည့် သက်သေ အထောက် အထားများကိုလည်း EIA အဖွဲ့ က ဖော်ထုတ်ခဲ့သည်။
WOB Timber ကုမ္ပဏီသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ တပ်မတော် အစိုးရလက်ထက် ၂၀၀၈ မှ ၂၀၁၁ ခုနှစ်အတွင်း ယူရိုသန်းပေါင်းများစွာ တန်ဖိုးရှိ ကျွန်းသစ်များကို ၃၁ ကြိမ်တိတိ တင်ပို့ခဲ့သည်ဟု ဟမ်းဘတ်မြို့နယ်တရားရုံးက ရှာဖွေတွေ့ရှိခဲ့သည်။ ထိုကာလသည် မြန်မာနိုင်ငံအစိုးရပိုင် မြန်မာ့သစ်လုပ်ငန်းအပါအဝင် မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍကို စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ထားသည့်အချိန်ဖြစ်သည်။
အဆိုပါ ဂျာမနီတရားရုံးမှ WOB Timber ကုမ္ပဏီကို ဒဏ်ငွေ ယူရို ၃.၃ သန်း ပေးဆောင်ရန် ချမှတ်ခဲ့ပြီး၊ ဒါရိုက်တာ Stephan Bührich ကို ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ နှင့် ဒဏ်ငွေ ယူရို နှစ်သိန်း ချမှတ် ခဲ့သည်။ ထပ်မံ၍ ပြစ်မှုကျူးလွန်ပါက ပိုမိုကြီးလေးသော ပြစ်ဒဏ်များကို ချမှတ်မည်ဟုလည်း သတိပေးခဲ့သည်။ အထက်ပါ စီရင်ချက်ကို Bührich က အယူခံဝင်ထားပြီး၊ နောက်ဆုံး ဆုံးဖြတ်ချ ချမှတ်ရန် လက်ရှိတွင် စောင့်ဆိုင်းနေရသည်။
EIA အဖွဲ့၏ သစ်ဆိုင်ရာစည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ Faith Doherty က “အခုလိုမျိုး ဝင်ရောက်စီးနှင်းရှာဖွေတာဟာ ကောင်းတဲ့လုပ်ဆောင်မှုဖြစ်ပါတယ်။ နောက်ပြီးတော့ ဥရောပသစ်ကုမ္ပဏီတွေကို မြန်မာနိုင်ငံက သွေးစွန်းနေတဲ့ ကျွန်းသစ်များ တင်ပို့ရောင်းချခြင်းဟာ ရက်စက်တဲ့နေရာမှာ သရဖူဆောင်းတဲ့ မြန်မာစစ်တပ်ကို ငွေပေးချေနေသလိုဖြစ်စေတဲ့အတွက် လုံးဝလက်ခံနိုင်စရာမရှိဘူးဆိုပြီး သတိပေးခေါင်းလောင်းထိုးသလိုဖြစ်စေပါတယ်” ဟု မှတ်ချက်ပြုပါတယ်။
ဆက်လက်ပြီး Faith က “မြန်မာနိုင်ငံကနေ ဥရောပကို တရားမဝင် ကျွန်းသစ်များတင်ပို့ရောင်းချမှုနဲ့ ပက်သက်ပြီးတော့ ခရိုအေးရှား၊ အီတလီ နှင့် အခြားနိုင်ငံတွေက လူပုဂ္ဂိုလ်တွေ နဲ့ ကုမ္ပဏီတွေက ဥရောပသမဂ္ဂအဖွဲ့ ဥပဒေများကို ချိုးဖောက်လျက်ရှိကြောင်း ကျွန်မတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေက တဆင့် ဖော်ထုတ်ခဲ့ပါတယ်။
ဂျာမနီအာဏာပိုင်အဖွဲ့အစည်းများ၏ အခုလို စွမ်းစွမ်းတမံလုပ်ဆောင်မှုဟာ တခြားနိုင်ငံက အာဏာပိုင်အဖွဲ့အစည်းတွေအတွက်လည်း EIA အဖွဲ့နှင့် မြန်မာနိုင်ငံအတွင်းရှိ သစ်တောစောင့်ကြည့်ရေးအဖွဲ့တို့ရဲ့ ရှာဖွေတွေ့ရှိမှုများကိုအခြေခံပြီး လက်တွေ့လုပ်ဆောင်ဖို့ ယုံကြည်မှုရှိစေပါတယ်။ သူတို့တွေဟာ မိမိအသက်ကိုပဓာနမထားဘဲ သက်သေအထောက် အထား အခြေပြု သတင်းအချက်အလက်များကို ရှာဖွေဖော်ထုတ်ပေးနေတဲ့သူတွေဖြစ်ပါတယ်။ ဂျာမနီနိုင်ငံလိုမျိုး တခြားနိုင်ငံတွေကလည်း လက်တွေ့ လုပ်ဆောင်သင့်ပါတယ်လို့ ကျွန်မတို့ အနေနဲ့ တိုက်တွန်းလိုပါတယ်။”