Close up image of a stack of newspapers
German timber firm investigated by EIA is convicted for breaking EU sanctions by trading in illegal Myanmar teak
“မြန်မာဘာသာဖြင့် ဖတ်ရှုရန် အောက်ပိုင်းကို ဆက်ကြည့်ပါ။”
LONDON: A German company has been convicted for evading sanctions on Myanmar timber from 2008-11, when the previous military junta –the State Peace and Development Council (SPDC) – was sanctioned by the EU.
The Regional Court in Hamburg found WOB Timber had evaded the EU sanctions on 31 separate shipments of timber, worth millions of euros.
The Judge yesterday (27 April) ordered the company to pay a fine of €3.3 million and sentenced the director, Stephan Bührich, to a 21-month suspended prison sentence and a fine of €200,000. The Judge warned that further cases would lead to even harsher penalties.
This is one of the largest penalties ever imposed on a timber trader in the EU. Many of the shipments involved timber being processed in Taiwan and declared as originating in Taiwan rather than Myanmar to avoid the reach of the sanctions.
The London-based Environmental Investigation Agency (EIA) has exposed the role Taiwan plays in supplying Myanmar teak to the international markets in its 2019 report State of Corruption.
WOB Timber has also exploited regulatory loopholes to trade illicit timber more recently, as revealed in EIA’s 2020 report The Croatian Connection Exposed; WOB Timber had used Croatian company Viator Pula to import timber into the EU to avoid the EU Timber Regulation’s due diligence requirements, which the German authority had warned could not be complied with when trading Myanmar teak.
EIA later reported there was evidence WOB’s suppliers evaded tax in exporting the timber, which would render the timber illegal under the EU Timber Regulation.
Faith Doherty, EIA Forests Campaigns Leader, said: “The court’s sentencing is welcome and the timing significant. Since the military coup on 1 February 2021, we have been urging the international community to respond by sanctioning the export of Myanmar timber to its markets.
“Profits from timber exports benefit the military junta and the criminal syndicates operating in an even more brutal and chaotic Myanmar.”
“Using the 2006 sanctions regime to enforce shows how effective new sanctions would be to stop the military regime from receiving funds that only enable them to continue their reign of terror.”
The US is the only country to have so far responded with sanctions, designating the Myanmar Timber Enterprise (MTE), the State-run regulator responsible for timber exports.
CONTACTS FOR MEDIA
  • Faith Doherty, EIA Forests Campaign Leader, via faithdoherty[at]eia-international.org
  • Paul Newman, EIA Senior Press & Communications Officer, via press[at]eia-international.org
EDITORS’ NOTES
  1. The Environmental Investigation Agency (EIA) investigates and campaigns against environmental crime and abuses. Our undercover investigations expose transnational wildlife crime, with a focus on elephants, pangolins and tigers, and forest crimes such as illegal logging and deforestation for cash crops such as palm oil; we work to safeguard global marine ecosystems by tackling plastic pollution, exposing illegal fishing and seeking an end to all whaling; and we address the threat of global warming by campaigning to curtail powerful refrigerant greenhouse gases and exposing related criminal trade.
Environmental Investigation Agency
62-63 Upper Street
London N1 0NY
UK
www.eia-international.org
Tel: +44 (0) 20 7354 7960
ends
EIA က စုံစမ်းစစ်ဆေးခဲ့သော ဂျာမန်သစ်ကုမ္ပဏီက တရားမဝင် မြန်မာ့ကျွန်းသစ်တွေ ကုန်သွယ်ခြင်းကြောင့် အီးယူ စီးပွားရေးဒဏ်ခတ်မှု စည်းကမ်းချိုးဖောက်ကြောင်း ပြစ်မှုထင်ရှား
လန်ဒန်။ ။၂၀ဝ၈-၂၀၁၁ ကာလက မြန်မာစစ်အစိုးရဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေကောင်စီ အစိုးရကို ဥရောပသမဂ္ဂ အီးယူက စီးပွားရေးဒဏ်ခတ်ထားချိန်တွင် ဂျာမန်ကုမ္ပဏီတခုသည် မြန်မာ့သစ်များ ဝယ်ယူမှုကို ကန့်သတ်သည့် စီးပွားရေးဒဏ်ခတ်မှု သတ်မှတ်ချက်ကို ရှောင်ကွင်း ချိုးဖောက်ခဲ့ကြောင်း ပြစ်မှုထင်ရှားသည်ဟု စီရင်ချက်ချ ခံခဲ့ရသည်။
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ ဒေသအဆင့် တရားရုံးတရုံးက WOB Timber ကုမ္ပဏီသည် ယူရိုငွေ သန်းပေါင်းများစွာ တန်ကြေးရှိသော သစ်တင်သွင်းမှု သီးခြား ၃၁ ကြိမ်တွင် ယခုလို အီးယူရဲ့ စီးပွားရေးဒဏ်ခတ်မှု စည်းရုံးကို ချိုးဖောက်ခဲ့ကြောင်း ပြစ်မှုထင်ရှားသည်ဟု စီရင်ချက် ချခဲ့ခြင်း ဖြစ်၏။
ဧပြီလ ၂၇ ရက်နေ့တွင် ဤစီရင်ချက် ချမှတ်သော တရားသူကြီးက အဆိုပါ ကုမ္ပဏီသည် ဒဏ်ငွေ ယူရို ၃.၃ သန်း ပေးဆောင်ရမည် ဖြစ်ပြီး ကုမ္ပဏီဒါရိုက်တာဖြစ်သူ စတက်ဖန် ဘူးဟစ်ချ်ကလည်း ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ နှင့်အတူ ဒဏ်ငွေ ယူရို ၂၀ဝ,ဝ၀ဝ ပေးဆောင်ရမည် ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ နောက်ထပ် အလားတူ ချိုးဖောက်မှုများ ပြုလုပ်လျှင် ယခုထက်ပို၍ ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခံရမည် ဟုလည်း အဆိုပါ တရားသူကြီးက သတိပေးခဲ့ပါသည်။
ဤကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုသည် အီးယူအတွင်းရှိ သစ်ကုမ္ပဏီတခုကို အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်မှုများထဲတွင် ပါဝင်နေပါသည်။ ယခုလို ပြစ်ဒဏ်ချခံရသော ကုမ္ပဏီက တင်သွင်းခဲ့သော သစ်များကို ထိုင်ဝမ်တွင် အချောကိုင်ခဲ့ခြင်း ဖြစ်ပြီး စီးပွားရေးဒဏ်ခတ်မှု စည်းကမ်းကို ရှောင်ကွင်းရန်အတွက် ထိုင်ဝမ်မှလာသော သစ်များအဖြစ် ထိုကုမ္ပဏီက တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။
လန်ဒန်မြို့တွင် အခြေစိုက်သော သဘာဝ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အဖွဲ့ (EIA) သည် ၄င်း၏ ၂၀၁၉ တွင် ထုတ်ပြန်ခဲ့သော ခြစား နိုင်ငံတော် (State of Corruption) အစီအရင်ခံစာတွင် နိုင်ငံတကာဈေးကွက်ကို မြန်မာ့သစ်များ တင်ပို့ခြင်းတွင် ထိုင်ဝမ်၏ အခန်းကဏ္ဍကို ဖော်ထုတ်ခဲ့ပါသည်။
WOB Timber ကုမ္ပဏီသည် မကြာသေးခင်ကလည်း တရားမဝင် သစ်များ ကုန်သွယ်ရန်အတွက် စည်းကြပ် စည်းကမ်း အကွက်မစေ့သော လွတ်ပေါက်များကို အသုံးချခဲ့ကြောင်း EIA ၏ ၂၀၂၀ တွင် ထုတ်ပြန်ခဲ့သော အစီအရင်ခံစာဖြစ်သည့် ခရိုအေးရှား မတရား သစ်လမ်းကြောင်း ဖော်ထုတ်မှု (The Croatian Connection Exposed) က ဖော်ထုတ်ခဲ့ပါသည်။ WOB Timber ကုမ္ပဏီသည် အီးယူ၏ သစ်တင်သွင်းမှု ဆိုင်ရာ နည်းမှန် လမ်းမှန် လုပ်ဆောင်သင့်သည့် လိုအပ်ချက်များကို ရှောင်ကွင်းရန်အတွက် ခရိုအေးရှား ကုမ္ပဏီ Viator Pula ကို အသုံးပြုပြီး အီးယူအတွင်း သစ်တင်သွင်းခဲ့ပါသည်။ အဆိုပါ မြန်မာ့ကျွန်းသစ်များ ကုန်သွယ်လျှင် အဆိုပါ လိုအပ်ချက် စည်းကမ်းများနှင့် မကိုက်ညီနိုင်ကြောင်းကိုလည်း ဂျာမန်အာဏာပိုင်များက သတိပေးခဲ့ပါသည်။
WOB Timber ကုမ္ပဏီအား သစ်ရောင်းချနေသူများသည် ၄င်းတို့သစ်တင်ပို့ခဲ့ရာတွင် အခွန်ရှောင်ခဲ့ခြင်းနှင့် ပတ်သက်၍ သက်သေရှိကြောင်း EIA က သတင်းထုတ်ပြန်ခဲ့ပြီး ယခုလို အခွန်ရှောင်ထားသော သစ်များသည် အီးယူ၏ သစ်ကုန်သွယ်မှုဆိုင်ရာ စည်းကမ်းများအရ တရားမဝင်သစ်များ ဖြစ်သွားမည် ဖြစ်ပါသည်။
EIA ၏ သစ်တောရေးရာ လှုပ်ရှားမှု ခေါင်းဆောင် ဖိတ်သ် ဒိုဟာတီက “အခုလို တရားရုံးရဲ့ ဆုံးဖြတ်ချက်က အခြေအနေ အချိန်အခါနဲ့လည်း ကိုက်ညီတဲ့အတွက် ကြိုဆိုရမှာပါ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း ကတည်းက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက သစ်တင်ပို့လာမှုတွေကို စီးပွားရေးဒဏ်ခတ် ပိတ်ဆို့လိုက်ဖို့ ကျွန်မတို့က တိုက်တွန်းနေခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
“အခုလို သစ်တင်ပို့မှုကရတဲ့ အကျိုးအမြတ်တွေက ယခင်ထက်ကို ပိုပြီး ရက်စက်ဆိုးဝါး ရှုပ်ထွေးမှုတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ကျက်စားနေတဲ့ စစ်အစိုးရနဲ့တကွ ဥပဒေချိုးဖောက်နေတဲ့ အပေါင်းအပါတွေကို အကျိုးရှိနေစေပါတယ်။”
“၂၀ဝ၆ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု စည်းကမ်းချိုးဖောက်မှုတွေကို အခုအချိန်မှာ အရေးယူနိုင်ခဲ့တာကို ကြည့်ရင် လက်ရှိ စစ်အစိုးရကိုလည်း အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေနိုင်ရေး အကျိုးပြုနေတဲ့ ဝင်ငွေလမ်းကြောင်းကို ပိတ်ဆို့ဖို့အတွက် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု သတ်မှတ်ချက် အသစ်တွေ ချမှတ်နိုင်မယ်ဆိုရင် ဘယ်လောက်အကျိုးရှိမယ်ဆိုတာ မြင်နိုင်ပါတယ်” လို့လည်း ဖိတ်သ် ဒိုဟာတီက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ သစ်တင်ပို့မှုတွေကို ကြီးကြပ်နေတဲ့ အစိုးရပိုင် မြန်မာ့သစ်လုပ်ငန်းကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်တဲ့နိုင်ငံကတော့ လောလောဆယ်အထိ အမေရိကန် တနိုင်ငံပဲ ရှိပါသေးတယ်။
စာနယ်ဇင်းများ ဆက်သွယ်ရန်
  • ဖိတ်သ် ဒိုဟာတီ၊ EIA သစ်တောရေးရား လှုပ်ရှားမှု ခေါင်းဆောင် – faithdoherty[at]eia-international.org
  • ပေါလ် နယူးမန်း၊ EIA သတင်းနှင့် ပြန်ကြားရေး အကြီးတန်း အရာရှိ – press[at]eia-international.org
တည်းဖြတ်သူများ မှတ်ချက်
၁။ သဘာဝ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ EIA သည် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ရာဇဝတ်မှုများနှင့် အလွဲသုံးစား လုပ်မှုများကို ဆန့်ကျင်လှုပ်ရှားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့် အဖွဲ့ ဖြစ်ပါသည်။ EIA ၏ လျှို့ဝှက် စုံစမ်းစစ်ဆေးမှုများက ဆင်၊ သင်းခွေချပ်၊ ကျား ရေးရာများ၊ စားအုန်းဆီ ကဲ့သို့သော ဝင်ငွေရရေး အဓိကအားသည့် စိုက်ပျိုးရေးလုပ်ရန်အတွက် တရားမဝင် သစ်ထုတ်လုပ်မှုနှင့် သစ်တောပြုန်းတီးစေမှုများကို အဓိက အခြေပြုသော နိုင်ငံဖြတ်ကျော် သဘာဝ ပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆ္တာန် ဆိုင်ရာ ရာဇဝတ်မှုများကို ဖော်ထုတ်ခဲ့ပါသည်။ ပလတ်စတစ် ပြန့်ပွား ညစ်ညမ်းမှုကို ကိုင်တွယ်ခြင်း၊ တရားမဝင်ငါးဖမ်းခြင်းတို့ကို ဖော်ထုတ်ခြင်းနှင့် ဝေလငါးဖမ်းလုပ်ငန်း တခုလုံးကို အဆုံးသတ်ရေး လုပ်ဆောင်ခြင်း အားဖြင့်လည်း  EIA က ကမ္ဘာလုံးဆိုင်ရာ ရေပြင် ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်ရေးကိုလည်း လုပ်ဆောင်နေပါသည်။ ထို့အပြင် ကမ္ဘာ့လေထုကို ကာဘွန်ဒိုင် အောက်ဆိုဒ်ထက် များစွာပိုပြီး ညစ်ညမ်းစေသည့် အအေးပေးစနစ်များတွင် အသုံးပြုသော ကမ္ဘာ့ ဖန်လုံအိမ် အာနိသင် ဖြစ်စေသည့် ဓာတုပစ္စည်းများ အသုံးပြုမှုကို လျှော့ချရေးနှင့်တကွ ၄င်းနှင့် ဆက်စပ်နေသည့် တရားမဝင် ကုန်သွယ်မှုများကို ဖော်ထုတ်ရေးကိုလည်း EIA က လုပ်ဆောင်နေခြင်းအားဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို ဖော်ထုတ် တိုက်ဖျက် နေပါသည်။
Environmental Investigation Agency
62-63 Upper Street
London N1 0NY
UK
www.eia-international.org
ဖုန်း +၄၄ (ဝ) ၂၀ ၇၃၅၄ ၇၉၆၀
62-63 Upper Street
London N1 0NY
UK
ဖုန်း +၄၄ (၀) ၂၀ ၇၃၅၄ ၇၉၆၀