DONATE

EIA statement on political situation in Myanmar and related timber trade issues

On 1 February 2021, Myanmar’s armed forces seized control of the country and declared a one-year state of emergency.

National League for Democracy officials, civilian leaders and civil society activists across the country have been detained; communications were cut and continue to be sporadic, isolating citizens even further.

On 3 February, EIA received a letter and statement via email from the Myanmar Forest Products and Timber Merchants Association (MFPTMA) stating: “Exporter from Myanmar and direct Buyer from EU countries are trading legally and officially according to the existing forest laws, rules, regulations and procedures under the Strictly management of Myanmar Ministry of Natural Resources and Environmental Conservation, Forest Department and Myanmar Timber Enterprise”.

Log yard in Myanmar (c) EIAimage

The MFPTMA is asking EIA and others for support in distributing the contents of its statement of legality measures in the export of timber from Myanmar and to update this information to potential buyers and NGOs.

Our position is absolutely clear – EIA will not support any trade in timber and wood products originating from Myanmar.

EIA has for the past decade exposed the blatant theft of Myanmar’s forests, the high-level corruption that starts at the top of the military regime and the crimes committed in forest-rich areas upon which the people of Myanmar rely for their security and livelihoods.

We have also exposed people and organisations involved in Myanmar, neighbouring countries, the region, Europe and in the US who have continued to support the theft of Myanmar’s forests, usually expressing outrage when confronted.

An opportunity existed before 1 February for governance and technical reform within the sector, which was supported by the international community, civil society, professional foresters and some private sector.

This can no longer be the case as there is now a military-installed government ruling in all aspects of the country and benefitting only the regime.

Myanmar Timber Enterprise log depot (c) EIAimge

Timber exporters within Myanmar and members of MFPTMA have stated that they rely solely on raw material supplied from the Myanmar Timber Enterprise (MTE) and it is business as usual.

However, the MTE is a State-owned enterprise which has profited to the tune of billions of dollars with no oversight or accountability as to where this money has gone and how it has been used. It is opaque in the extreme and has no place in the management of the country’s timber exports.

The MFPTMA statement also claims Myanmar is complying with the EU Timber Regulation (EUTR). It is not.

EIA reminds all potential customers considering purchasing timber from Myanmar that the EU has a common position outlining why Myanmar’s system does not comply with this law.

Myanmar’s valuable timber exists mainly in areas where ethnic forests and lands have been under threat for decades. The military regime has used force to gain territory, escalating conflict and displacing thousands of innocent civilians.

With the military coup in Myanmar on 1 February, we would further remind those buyers considering purchasing timber or wood products originating from Myanmar that they are supporting violence within the forest and against innocent civilians, as well as contributing to the destruction of democracy in Myanmar. They will be supporting military rule.

 

EIA recommends:

 Myanmar:

  • Immediately release members of the civilian Government and civil society and hand back power to the democratically elected government.

 International community:

  • Economic sanctions must be targeted directly at the military regime, individuals and State-owned enterprises controlled by the military regime. This must include the natural resource sector, including timber (the Myanmar Timber Enterprise).
  • That sanctions are not just aimed at direct trade to one country but at finding ways to stop circumvention of raw materials and products to international markets. In the case of timber, the EU can immediately prevent imports from Myanmar by enforcing the common position that timber from the country cannot comply with the EU Timber Regulation. Other countries with prohibitions on illegal timber, such as the US, Australia and Japan can investigate placements of Myanmar timber on the market and take action against any that is from an illegal source.
  • The wealth of all military officials led by General Min Aung Hlaing must be investigated, including their company holdings and all money flows into and out of Myanmar Economic Corporation (MEC) and Myanmar Economic Holdings Ltd (MEHL).

 Timber trade private sector:

  • Not to support the trade in timber and wood products originating from Myanmar. This includes from third countries circumventing current laws.

 UK Government:

  • As current President of the United National Security Council, the UK Government must seek to impose economic sanctions on natural resources from Myanmar, including timber.
  • To ensure that any financial support is directed at the citizens of Myanmar and not the military regime and their families engaged in business from military company holdings.

 

 

မြန်မာနိုင်ငံအတွင်း လက်ရှိနိုင်ငံရေး အခြေအနေနှင့်တကွ ဆက်စပ်သော သစ်ကုန်သွယ်မှု အရေးကိစ္စများနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (အီးအိုင်အေ) ၏ သဘောထားထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အစိုးရစစ်တပ်ဖွဲ့များသည် တနိုင်ငံလုံးကို ထိန်းချုပ် အာဏာသိမ်းလိုက်ပြီး အရေးပေါ် အခြေအနေကာလ တနှစ်သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်အတွင်းတွင် နိုင်ငံတဝန်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ပါတီဝင်များ၊ အရပ်သားခေါင်းဆောင်များနှင့် လူမှုအသိုင်းအဝိုင်းရေးရာ တက်ကြွလှုပ်ရှားသူများ အဖမ်းခံရသည့်အပြင် ဆက်သွယ်ရေးလမ်းကြောင်းများလည်း ကနဦး လုံးဝ ဖြတ်တောက်ခံရပြီး နောက်ပိုင်းတွင်လည်း ပြန်ရသော်လည်း ပုံမှန်မဖြစ်သေးသည့်အတွက် မြန်မာနိုင်ငံသားများ ပြင်ပကမ္ဘာနှင့်ရော အချင်းချင်းပါ သီးခြားခွဲထုတ်ခံရသလို ဖြစ်နေ၏။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အီးအိုင်အေ က မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များ အသင်းမှ စာတစောင်နှင့် ကြေညာချက်တခုကို အီးမေးလ်မှတဆင့် ရရှိခဲ့ရာတွင် “မြန်မာနိုင်ငံမှ တင်ပို့သူ လုပ်ငန်းရှင်များနှင့် ဥရောပသမဂ္ဂအဖွဲ့ (အီးယူ) နိုင်ငံများမှ တိုက်ရိုက်ဝယ်ယူသူများသည် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးဌာန၊ သစ်တောဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့၏ တင်းကျပ်သော ခန့်ခွဲမှုအရ ပြဌာန်းထားသော သစ်တောဆိုင်ရာ တည်ဆဲ ဥပဒေများ၊ စည်းကမ်းများ၊ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများအရ ဥပဒေဘောင်အတွင်းမှ တရားဝင် ကုန်သွယ်မှု ပြုနေကြပါသည်။” ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းသည် ၄င်းတို့၏ ကြေညာချက်တွင် ပါဝင်သော မြန်မာနိုင်ငံမှ သစ်တင်ပို့မှုဆိုင်ရာ ဥပဒေကြောင်းအတိုင်း လုပ်ဆောင်နေမှုများနှင့်တကွ ၄င်းတို့ကို မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေသည် ဆိုသည့် အချက်အလက်များကို ပြည်ပမှ ဝယ်ယူနိုင်ခြေရှိသော လုပ်ငန်းရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) များအား ဆက်လက် ဖြန့်ဖြူးပေးရန် အီးအိုင်အေနှင့်တကွ အခြား အလားတူ အဖွဲ့အစည်းများကို တောင်းဆိုနေပါသည်။

အီးအိုင်အေ၏ ရပ်တည်ချက်အား ပြတ်ပြတ်သားသား ပြောရလျှင် အီးအိုင်အေသည် မြန်မာနိုင်ငံမှ အစပြု ခုတ်ထွင် ထုတ်လုပ်ထားသော မည်သည့် သစ်လုံးနှင့် သစ်သားဆက်စပ် ထွက်ကုန်မျိုး ကုန်သွယ်ခြင်းကိုမျှ ထောက်ခံလိမ့်မည် မဟုတ်ပါ။

အီးအိုင်အေသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတွင် မြန်မာ့သစ်တောများဟာ ဗြောင်ကျကျ ခိုးယူ အသုံးချမှုများ၊ မြန်မာအစိုးရစစ်တပ်ဖွဲ့၏ ထိပ်ပိုင်း အရာရှိများထံတွင် အစပြုသော အဆင့်မြင့် အကျင့်ပျက် ခြစားမှုများ၊ မြန်မာနိုင်ငံ ပြည်သူများက ၄င်းတို့၏ လုံခြုံရေးနှင့် စားဝတ်နေရေးတို့အတွက် မှီခိုအားထားသော သစ်တောကြွယ်ဝသည့် နယ်မြေများအတွင်း ကျူးလွန်သော ရာဇဝတ်မှုများကို ဖော်ထုတ်နေခဲ့သော အဖွဲ့ဖြစ်ပါသည်။

အီးအိုင်အေသည် အဆိုပါ မြန်မာ့သစ်တောများအား ခိုးယူ အသုံးချမှုများကို ဆက်လက် ပံ့ပိုးနေသော မြန်မာနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ၊ ဥရောပနှင့်တကွ အမေရိကန်နိုင်ငံတို့ အတွင်းရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုလည်း ထုတ်ဖော်ခဲ့ရာတွင် ထိပ်တိုက် ထုတ်ဖော်ခံရသူများက အများအားဖြင့် နာကျည်းစိတ်ဆိုးကြသည်ကိုလည်း ဖော်ပြခဲ့ကြပါသည်။

မြန်မာနိုင်ငံအတွင်း သစ်တောဆိုင်ရာ ခန့်ခွဲ အုပ်ချုပ်မှုနှင့် လုပ်ထုံးနည်းလမ်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဖြစ်ဖို့အရေးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်က ဖြစ်နိုင်ချေ ရှိခဲ့ပြီး မြန်မာ့သစ်တောကဏ္ဍကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်တကွ လူမှုအခြေပြု အဖွဲ့အစည်းများ၊ သစ်တောမြေ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များနှင့်တကွ ပုဂ္ဂလိကပိုင်းကပါ အားပေး ထောက်ခံမှုလည်း ရရှိနေခဲ့၏။

ယခုအခါတွင်မူ မြန်မာနိုင်ငံ၌ အစိုးရစစ်တပ်ဖွဲ့က ရွေးချယ်တင်မြှောက်သော အစိုးရအဖွဲ့က နိုင်ငံ၏ ကဏ္ဍအားလုံးကို အုပ်ချုပ်လုပ်နိုင်နေပြီ ဖြစ်ပြီး ၄င်းအစိုးရအတွက်ကိုသာ အကျိုးရှိစေသည် ဖြစ်သောကြောင့် အထက်ဖော်ပြပါ မြန်မာ့ သစ်တောဆိုင်ရာ ခန့်ခွဲ အုပ်ချုပ်မှုနှင့် လုပ်ထုံးနည်းလမ်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဖြစ်မလာနိုင်တော့ပါ။

မြန်မာနိုင်ငံအတွင်းရှိ ပြည်ပကို သစ်တင်ပို့သူများနှင့်တကွ မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းဝင်များက ၄င်းတို့သည် မြန်မာ့သစ်လုပ်ငန်းထွက် ကုန်ကြမ်းများကိုသာ အားထားမှီခိုရပြီး ၄င်းမြန်မာ့သစ်လုပ်ငန်းကလည်း ပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်မှု ရှိသည်ဟု ပြောဆိုကြပါသည်။

သို့ရာတွင် မြန်မာ့သစ်လုပ်ငန်းသည် အစိုးရပိုင် လုပ်ငန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ချီသော အမြတ်အစွန်းများ ရရှိနေသော လုပ်ငန်းဖြစ်သော်လည်း ၄င်းအမြတ်အစွန်းများ မည်သည့်နေရာကို ရောက်ရှိသွားပြီး မည်ကဲ့သို့ အသုံးပြုနေသည် ဆိုသည့် အခြေအနေများကို ကြပ်မတ်စောင့်ကြည့်ခံရခြင်း မရှိသကဲ့သို့ တာဝန်ယူ တာဝန်ခံရခြင်းလည်း မရှိပေ။ ၄င်း၏ အမြတ်အစွန်း ခန့်ခွဲမှုမှာ လွန်စွာ မရှင်းမလင်းရှိလှပြီး မြန်မာနိုင်ငံ၏ သစ်တောတင်ပို့မှု ဆိုင်ရာ စီမံခန့်ခွဲမှု၏ လက်အောက်တွင် ရှိမနေသော လုပ်ငန်းတခုလည်း ဖြစ်၏။

မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းက မြန်မာနိုင်ငံသည် အီးယူအဖွဲ့၏ သစ်တောဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (အီးယူတီအာ) နှင့်အညီ လုပ်ဆောင်နေသည်ဟုလည်း ပြောဆိုထား၏။ တကယ်တမ်း ထိုသို့မဟုတ်ပါ။

မြန်မာနိုင်ငံမှ သစ်ဝယ်ယူလိုသူများ အားလုံးအား အီးအိုင်အေက သတိပေးလိုသည့် အချက်မှာ အီးယူအဖွဲ့သည် မြန်မာနိုင်ငံ၏ လုပ်ငန်းဆောင်ရွက်မှု စနစ်က အဆိုပါ အီးယူတီအာ စည်းကမ်းများကို ဘာ့ကြောင့် လိုက်နာမထားကြောင်းနှင့် ပတ်သက်၍ ဘုံရပ်တည်ချက်တခု ရှိသည် ဆိုသော အချက်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဖိုးတန်သစ်များသည် တိုင်းရင်းသားလူမျိုးစုတို့ နေထိုင်ရာ တောတောင်နယ်မြေများတွင် အဓိက တည်ရှိကြပြီး ၄င်းနယ်မြေများအတွင်း အန္တရာယ် ခြိမ်းခြောက်မှုများ ခံနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီ ဖြစ်သည်။ မြန်မာအစိုးရ စစ်တပ်ဖွဲ့သည် ၄င်းနယ်မြေများကို အင်အားသုံး ရယူခြင်းအားဖြင့် ပဋိပက္ခများ အရှိန်မြှင့် ဖြစ်ပွားလာစေကာ ထောင်နှင့်ချီသော အပြစ်မဲ့ အရပ်သားများကိုလည်း ဘေးလွတ်ရာ ထွက်ပြေးရစေခဲ့၏။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာအစိုးရစစ်တပ်ဖွဲ့၏ အာဏာသိမ်းမှုနှင့်အတူ အီးအိုင်အေက မြန်မာနိုင်ငံက သစ်နှင့် သစ်ထွက်ကုန်ပစ္စည်းများ ဝယ်ယူလိုသူများအား သတိပေးလိုသည်မှာ ထိုသို့ ဝယ်ယူခြင်းအားဖြင့် မြန်မာ့သစ်တောများအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၊ အပြစ်မဲ့ အရပ်သားများအပေါ် သက်ရောက်မှုများကို ထောက်ပံ့ပေးသလို ဖြစ်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီကျင့်သုံးမှု ပျက်စီးရာ ပျက်စီးကြောင်းတွင်လည်း ကူညီပေးသလို ဖြစ်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ၄င်းဝယ်ယူလိုသူတို့သည် မြန်မာနိုင်ငံအတွင်း စစ်တပ်အုပ်ချုပ်မှုကို ထောက်ပံ့သလိုလည်း ဖြစ်သွားပေမည်။

 

အီးအိုင်အေက တိုက်တွန်းလိုသည်မှာ။   ။

မြန်မာနိုင်ငံတွင်။  ။

  • အရပ်သားအစိုးရအဖွဲ့ဝင်များနှင့် လူမှုအခြေပြု အဖွဲ့အစည်းဝင်များကို ချက်ချင်းလွှတ်ပေးဖို့နှင့် ဒီမိုကရေစီ ကျင့်ထုံးနဲ့အညီ ရွေးကောက်တင်မြှောက်ထားသော အစိုးရလက်ထက်သို့ အချုပ်အချာအာဏာ ပြန်အပ်စေလိုပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း။   ။

  • မြန်မာနိုင်ငံကို လုပ်ဆောင်မည့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကို စစ်အစိုးရနှင့်တကွ ၄င်းနှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်များနှင့် အစိုးရပိုင် လုပ်ငန်းများကို တိုက်ရိုက် ပစ်မှတ်ထား လုပ်ဆောင်ရပါမည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင်လည်း သစ်တောကဏ္ဍ (မြန်မာ့သစ်လုပ်ငန်း) အပါအဝင် သဘာဝအရင်းအမြစ်ဆိုင်ရာ ကဏ္ဍလည်း ပါဝင်ရပါမည်။
  • အဆိုပါ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများသည် တနိုင်ငံနှင့် တိုက်ရိုက်ကုန်သွယ်မှုကို ပစ်မှတ်ထားရုံသာမကပဲ နိုင်ငံတကာ ဈေးကွက်အတွင်း ကုန်ကြမ်းနှင့် ကုန်ချောများကို လှည့်ပတ်ရှောင်းကွင်းကာ တင်ပို့ခြင်းကိုလည်း တားဆီးနိုင်ရပါမည်။ သစ်ကုန်သွယ်မှုတွင်ဆိုလျှင် အီးယူသည် ၄င်း၏ အီးယူတီအာ စည်းကမ်းများကို မလိုက်နာသော မြန်မာနိုင်ငံထံမှ သစ်တင်သွင်းနေမှုကို ချက်ချင်း တားမြစ်သည့် ဘုံရပ်တည်ချက်တခုကို အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။ အခြား တရားမဝင်သစ်ကို တားမြစ်သော နိုင်ငံများဖြစ်သည့် အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်တို့ကလည်း ဈေးကွက်အတွင်း မြန်မာ့သစ်များ ရောက်ရှိလာနိုင်ခြေကို စုံစမ်းစစ်ဆေးနိုင်ပြီး တရားမဝင် အရင်းအမြစ်မှ လာသော သစ်များကို သိရှိ ကိုင်တွယ် ဆောင်ရွက်ရပါမည်။
  • မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်ခေါင်းဆောင်များ၏ ကုမ္ပဏီများ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ) နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (အမ်အီးအိတ်ချ်အယ်လ်) တို့၏ ဝင်ငွေထွက်ငွေများ အားလုံးနှင့်တကွ ၄င်းတို့၏ ဓနအင်အားကို စုံစမ်းထောက်လှမ်း စစ်ဆေးရပါမည်။

ပုဂ္ဂလိက သစ်ကုန်သွယ်ရေး ကဏ္ဍ ကလည်း။   ။

  • မြန်မာနိုင်ငံတွင် အစပြု ခုတ်ထွင် ထုတ်လုပ်ထားသော သစ်နှင့် သစ်ထွက်ကုန်ပစ္စည်းများ ရောင်းဝယ်မှုအား အားမပေးဖို့ လိုအပ်ပါသည်။ ထိုသို့ အားမပေးရာတွင် လက်ရှိ ဥပဒေများကို လှည့်ပတ်ရှောင်ကွင်းကာ တတိယနိုင်ငံများမှ တဆင့်ခံ ရောင်းဝယ်မှုများကိုလည်း အားမပေးဖို့ လိုအပ်ပါသည်။

ယူကေအစိုးရ အနေဖြင့်လည်း။    ။

  • ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ အနေဖြင့် မြန်မာနိုင်ငံမှ သစ်အပါအဝင် သဘာဝ သယံဇာတများ တင်ပို့မှုအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ တားမြစ်ရေးအတွက် ကြိုးပမ်းရပါမည်။
  • မြန်မာနိုင်ငံအား ဘဏ္ဍာရေးထောက်ပံ့မှု မှန်သမ ျှကိုလည်း မြန်မာစစ်အစိုးရနှင့်တကွ ၄င်းတို့၏ မိသားစုဝင်များနှင့် ၄င်းတို့ လုပ်ကိုင်နေသော မြန်မာအစိုးရစစ်တပ်ဖွဲ့ပိုင် ကုမ္ပဏီများဆီသို့ ရောက်ရှိမသွားစေပဲ မြန်မာနိုင်ငံသားများထံသို့ တိုက်ရိုက်ရောက်ရှိ အကျိုးပြုမှု သေချာစေရေး လုပ်ဆောင်ရပါမည်။

 

ျမန္မာႏိုင္ငံအတြင္း လက္ရွိႏိုင္ငံေရး အေျခအေနႏွင့္တကြ ဆက္စပ္ေသာ သစ္ကုန္သြယ္မႈ အေရးကိစၥမ်ားႏွင့္္ ပတ္သက္၍ သဘာဝ ပတ္ဝန္းက်င္ စံုစမ္းစစ္ေဆးေရးအဖြဲ႕ (အီးအိုင္ေအ) ၏ သေဘာထားထုတ္ျပန္ခ်က္

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕တြင္ ျမန္မာႏိုင္ငံ၏ အစိုးရစစ္တပ္ဖြဲ႕မ်ားသည္ တႏိုင္ငံလံုးကို ထိန္းခ်ဳပ္ အာဏာသိမ္းလိုက္ျပီး အေရးေပၚ အေျခအေနကာလ တႏွစ္သတ္မွတ္ေၾကာင္း ေၾကညာခဲ့ပါသည္။

အဆိုပါ ျဖစ္စဥ္အတြင္းတြင္ ႏိုင္ငံတဝန္းရွိ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ထိပ္တန္း ပါတီဝင္မ်ား၊ အရပ္သားေခါင္းေဆာင္မ်ားႏွင့္ လူမႈအသိုင္းအဝိုင္းေရးရာ တက္ၾကြလႈပ္ရွားသူမ်ား အဖမ္းခံရသည့္အျပင္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားလည္း ကနဦး လံုးဝ ျဖတ္ေတာက္ခံရျပီး ေနာက္ပိုင္းတြင္လည္း ျပန္ရေသာ္လည္း ပံုမွန္မျဖစ္ေသးသည့္အတြက္ ျမန္မာႏိုင္ငံသားမ်ား ျပင္ပကမၻာႏွင့္ေရာ အခ်င္းခ်င္းပါ သီးျခားခြဲထုတ္ခံရသလို ျဖစ္ေန၏။

ေဖေဖာ္ဝါရီလ ၃ ရက္ေန႕တြင္ အီးအိုင္ေအ က ျမန္မာႏိုင္ငံ သစ္ေတာထြက္ပစၥည္းႏွင့္ သစ္လုပ္ငန္းရွင္မ်ား အသင္းမွ စာတေစာင္ႏွင့္ ေၾကညာခ်က္တခုကို အီးေမးလ္မွတဆင့္ ရရွိခဲ့ရာတြင္ “ျမန္မာႏိုင္ငံမွ တင္ပို႕သူ လုပ္ငန္းရွင္မ်ားႏွင့္ ဥေရာပသမဂၢအဖြဲ႕ (အီးယူ) ႏိုင္ငံမ်ားမွ တိုက္ရိုက္ဝယ္ယူသူမ်ားသည္ ျမန္မာႏိုင္ငံ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ ဝန္ၾကီးဌာန၊ သစ္ေတာဌာနႏွင့္ ျမန္မာ့သစ္လုပ္ငန္းတို႕၏ တင္းက်ပ္ေသာ ခန္႕ခြဲမႈအရ ျပဌာန္းထားေသာ သစ္ေတာဆိုင္ရာ တည္ဆဲ ဥပေဒမ်ား၊ စည္းကမ္းမ်ား၊ စည္းမ်ဥ္းမ်ားႏွင့္ လုပ္ထံုးလုပ္နည္းမ်ားအရ ဥပေဒေဘာင္အတြင္းမွ တရားဝင္ ကုန္သြယ္မႈ ျပဳေနၾကပါသည္။” ဟု ေဖာ္ျပထားပါသည္။

ျမန္မာႏိုင္ငံ သစ္ေတာထြက္ပစၥည္းႏွင့္ သစ္လုပ္ငန္းရွင္မ်ားအသင္းသည္ ၄င္းတို႕၏ ေၾကညာခ်က္တြင္ ပါဝင္ေသာ ျမန္မာႏိုင္ငံမွ သစ္တင္ပို႕မႈဆိုင္ရာ ဥပေဒေၾကာင္းအတိုင္း လုပ္ေဆာင္ေနမႈမ်ားႏွင့္တကြ ၄င္းတို႕ကို မြမ္းမံျပင္ဆင္မႈမ်ား ျပဳလုပ္ေနသည္ ဆိုသည့္ အခ်က္အလက္မ်ားကို ျပည္ပမွ ဝယ္ယူႏိုင္ေျခရွိေသာ လုပ္ငန္းရွင္မ်ားႏွင့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္း (အန္ဂ်ီအို) မ်ားအား ဆက္လက္ ျဖန္႕ျဖဴးေပးရန္ အီးအိုင္ေအႏွင့္တကြ အျခား အလားတူ အဖြဲ႕အစည္းမ်ားကို ေတာင္းဆိုေနပါသည္။

အီးအိုင္ေအရဲ႕ ရပ္တည္ခ်က္အား ရပ္တည္ခ်က္အား ျပတ္ျပတ္သားသား ေျပာရလ ွ်င္ အီးအိုင္ေအသည္ ျမန္မာႏိုင္ငံမွ အစျပဳ ခုတ္ထြင္ ထုတ္လုပ္ထားေသာ မည္သည့္ သစ္လံုးႏွင့္ သစ္သားဆက္စပ္ ထြက္ကုန္မ်ိဳး ကုန္သြယ္ျခင္းကိုမ ွ် ေထာက္ခံလိမ့္မည္ မဟုတ္ပါ။

အီးအိုင္ေအသည္ လြန္ခဲ့ေသာ ဆယ္စုႏွစ္အတြင္းတြင္ ျမန္မာ့သစ္ေတာမ်ားဟာ ေျဗာင္က်က် ခိုးယူ အသံုးခ်မႈမ်ား၊ ျမန္မာအစိုးရစစ္တပ္ဖြဲ႕၏ ထိပ္ပိုင္း အရာရွိမ်ားထံတြင္ အစျပဳေသာ အဆင့္ျမင့္ အက်င့္ပ်က္ ျခစားမႈမ်ား၊ ျမန္မာႏိုင္ငံ ျပည္သူမ်ားက ၄င္းတို႕၏ လံုျခံဳေရးႏွင့္ စားဝတ္ေနေရးတို႕အတြက္ မီွခိုအားထားေသာ သစ္ေတာၾကြယ္ဝသည့္ နယ္ေျမမ်ားအတြင္း က်ဴးလြန္ေသာ ရာဇဝတ္မႈမ်ားကို ေဖာ္ထုတ္ေနခဲ့ေသာ အဖြဲ႕ျဖစ္ပါသည္။

အီးအိုင္ေအသည္ အဆိုပါ ျမန္မာ့သစ္ေတာမ်ားအား ခိုးယူ အသံုးခ်မႈမ်ားကို ဆက္လက္ ပံ့ပိုးေနေသာ ျမန္မာႏိုင္ငံ၊ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ေဒသတြင္း ႏိုင္ငံမ်ား၊ ဥေရာပႏွင့္တကြ အေမရိကန္ႏိုင္ငံတို႕ အတြင္းရွိ လူပုဂၢိဳလ္မ်ားႏွင့္ အဖြဲ႕အစည္းမ်ားကိုလည္း ထုတ္ေဖာ္ခဲ့ရာတြင္ ထိပ္တိုက္ ထုတ္ေဖာ္ခံရသူမ်ားက အမ်ားအားျဖင့္ နာက်ည္းစိတ္ဆိုးၾကသည္ကိုလည္း ေဖာ္ျပခဲ့ၾကပါသည္။

ျမန္မာႏိုင္ငံအတြင္း သစ္ေတာဆိုင္ရာ ခန္႕ခြဲ အုပ္ခ်ဳပ္မႈႏွင့္ လုပ္ထံုးနည္းလမ္း ဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈ ျဖစ္ဖို႕အေရးသည္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕ မတိုင္ခင္က ျဖစ္ႏိုင္ေခ် ရွိခဲ့ျပီး ျမန္မာ့သစ္ေတာက႑ကလည္း ႏိုင္ငံတကာ အသိုင္းအဝိုင္းႏွင့္တကြ လူမႈအေျချပဳ အဖြဲ႕အစည္းမ်ား၊ သစ္ေတာေျမ စီမံခန္႕ခြဲမႈဆိုင္ရာ ပညာရွင္မ်ားႏွင့္တကြ ပုဂၢလိကပိုင္းကပါ အားေပး ေထာက္ခံမႈလည္း ရရွိေနခဲ့၏။

ယခုအခါတြင္မူ ျမန္မာႏိုင္ငံ၌ အစိုးရစစ္တပ္ဖြဲ႕က ေရြးခ်ယ္တင္ေျမွာက္ေသာ အစိုးရအဖြဲ႕က ႏိုင္ငံ၏ က႑အားလံုးကို အုပ္ခ်ဳပ္လုပ္ႏိုင္ေနျပီ ျဖစ္ျပီး ၄င္းအစိုးရအတြက္ကိုသာ အက်ိဳးရွိေစသည္ ျဖစ္ေသာေၾကာင့္ အထက္ေဖာ္ျပပါ ျမန္မာ့ သစ္ေတာဆိုင္ရာ ခန္႕ခြဲ အုပ္ခ်ဳပ္မႈႏွင့္ လုပ္ထံုးနည္းလမ္း ဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈ ျဖစ္မလာႏိုင္ေတာ့ပါ။

ျမန္မာႏိုင္ငံအတြင္းရွိ ျပည္ပကို သစ္တင္ပို႕သူမ်ားႏွင့္တကြ ျမန္မာႏိုင္ငံ သစ္ေတာထြက္ပစၥည္းႏွင့္ သစ္လုပ္ငန္းရွင္မ်ားအသင္းဝင္မ်ားက ၄င္းတို႕သည္ ျမန္မာ့သစ္လုပ္ငန္းထြက္ ကုန္ၾကမ္းမ်ားကိုသာ အားထားမွီခိုရျပီး ၄င္းျမန္မာ့သစ္လုပ္ငန္းကလည္း ပံုမွန္အတိုင္း လုပ္ငန္းလည္ပတ္မႈ ရွိသည္ဟု ေျပာဆိုၾကပါသည္။

သို႕ရာတြင္ ျမန္မာ့သစ္လုပ္ငန္းသည္ အစိုးရပိုင္ လုပ္ငန္းျဖစ္ျပီး အေမရိကန္ေဒၚလာ သန္းေပါင္း ေထာင္ခ်ီေသာ အျမတ္အစြန္းမ်ား ရရွိေနေသာ လုပ္ငန္းျဖစ္ေသာ္လည္း ၄င္းအျမတ္အစြန္းမ်ား မည္သည့္ေနရာကို ေရာက္ရွိသြားျပီး မည္ကဲ့သို႕ အသံုးျပဳေနသည္ ဆိုသည့္ အေျခအေနမ်ားကို ၾကပ္မတ္ေစာင့္ၾကည့္ခံရျခင္း မရွိသကဲ့သို႕ တာဝန္ယူ တာဝန္ခံရျခင္းလည္း မရွိေပ။ ၄င္း၏ အျမတ္အစြန္း ခန္႕ခြဲမႈမွာ လြန္စြာ မရွင္းမလင္းရွိလွျပီး ျမန္မာႏိုင္ငံ၏ သစ္ေတာတင္ပို႕မႈ ဆိုင္ရာ စီမံခန္႕ခြဲမႈ၏ လက္ေအာက္တြင္ ရွိမေနေသာ လုပ္ငန္းတခုလည္း ျဖစ္၏။

ျမန္မာႏိုင္ငံ သစ္ေတာထြက္ပစၥည္းႏွင့္ သစ္လုပ္ငန္းရွင္မ်ားအသင္းက ျမန္မာႏိုင္ငံသည္ အီးယူအဖြဲ႕၏ သစ္ေတာဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ား (အီးယူတီအာ) ႏွင့္အညီ လုပ္ေဆာင္ေနသည္ဟုလည္း ေျပာဆိုထား၏။ တကယ္တမ္း ထိုသို႕မဟုတ္ပါ။

ျမန္မာႏိုင္ငံမွ သစ္ဝယ္ယူလိုသူမ်ား အားလံုးအား အီးအိုင္ေအက သတိေပးလိုသည့္ အခ်က္မွာ အီးယူအဖြဲ႕သည္ ျမန္မာႏိုင္ငံ၏ လုပ္ငန္းေဆာင္ရြက္မႈ စနစ္က အဆိုပါ အီးယူတီအာ စည္းကမ္းမ်ားကို ဘာ့ေၾကာင့္ လိုက္နာမထားေၾကာင္းႏွင့္ ပတ္သက္၍ ဘံုရပ္တည္ခ်က္တခု ရွိသည္ ဆိုေသာ အခ်က္ျဖစ္သည္။

ျမန္မာႏိုင္ငံ၏ အဖိုးတန္သစ္မ်ားသည္ တိုင္းရင္းသားလူမ်ိဳးစုတို႕ ေနထိုင္ရာ ေတာေတာင္နယ္ေျမမ်ားတြင္ အဓိက တည္ရွိၾကျပီး ၄င္းနယ္ေျမမ်ားအတြင္း အႏၱရာယ္ ျခိမ္းေျခာက္မႈမ်ား ခံေနရသည္မွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ရွိျပီ ျဖစ္သည္။ ျမန္မာအစိုးရ စစ္တပ္ဖြဲ႕သည္ ၄င္းနယ္ေျမမ်ားကို အင္အားသံုး ရယူျခင္းအားျဖင့္ ပဋိပကၡမ်ား အရွိန္ျမွင့္ ျဖစ္ပြားလာေစကာ ေထာင္ႏွင့္ခ်ီေသာ အျပစ္မဲ့ အရပ္သားမ်ားကိုလည္း ေဘးလြတ္ရာ ထြက္ေျပးရေစခဲ့၏။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႕ ျမန္မာအစိုးရစစ္တပ္ဖြဲ႕၏ အာဏာသိမ္းမႈႏွင့္အတူ အီးအိုင္ေအက ျမန္မာႏိုင္ငံက သစ္ႏွင့္ သစ္ထြက္ကုန္ပစၥည္းမ်ား ဝယ္ယူလိုသူမ်ားအား သတိေပးလိုသည္မွာ ထိုသို႕ ဝယ္ယူျခင္းအားျဖင့္ ျမန္မာ့သစ္ေတာမ်ားအတြင္း ျဖစ္ပြားေနသည့္ အၾကမ္းဖက္မႈမ်ား၊ အျပစ္မဲ့ အရပ္သားမ်ားအေပၚ သက္ေရာက္မႈမ်ားကို ေထာက္ပံ့ေပးသလို ျဖစ္သြားမည္ ျဖစ္ျပီး ျမန္မာႏိုင္ငံအတြင္း ဒီမိုကေရစီက်င့္သံုးမႈ ပ်က္စီးရာ ပ်က္စီးေၾကာင္းတြင္လည္း ကူညီေပးသလို ျဖစ္သြားမည္ ျဖစ္ပါသည္။ ထို႕အျပင္ ၄င္းဝယ္ယူလိုသူတို႕သည္ ျမန္မာႏိုင္ငံအတြင္း စစ္တပ္အုပ္ခ်ဳပ္မႈကို ေထာက္ပံ့သလိုလည္း ျဖစ္သြားေပမည္။

 

အီးအိုင္ေအက တိုက္တြန္းလိုသည္မွာ။   ။

ျမန္မာႏိုင္ငံတြင္။ ။

  • အရပ္သားအစိုးရအဖြဲ႕ဝင္မ်ားႏွင့္ လူမႈအေျချပဳ အဖြဲ႕အစည္းဝင္မ်ားကို ခ်က္ခ်င္းလႊတ္ေပးဖို႕ႏွင့္ ဒီမိုကေရစီ က်င့္ထံုးနဲ႕အညီ ေရြးေကာက္တင္ေျမွာက္ထားေသာ အစိုးရလက္ထက္သို႕ အခ်ဳပ္အခ်ာအာဏာ ျပန္အပ္ေစလိုပါသည္။

 ႏိုင္ငံတကာ အသိုင္းအဝိုင္းကလည္း။      ။

  • ျမန္မာႏိုင္ငံကို လုပ္ေဆာင္မည့္ စီးပြားေရး ဒဏ္ခတ္ ပိတ္ဆို႕မႈမ်ားကို စစ္အစိုးရႏွင့္တကြ ၄င္းႏွင့္ ဆက္စပ္ေနေသာ လူပုဂၢိဳလ္မ်ားႏွင့္ အစိုးရပိုင္ လုပ္ငန္းမ်ားကို တိုက္ရိုက္ ပစ္မွတ္ထား လုပ္ေဆာင္ရပါမည္။ ထိုကဲ့သို႕ လုပ္ေဆာင္ရာတြင္လည္း သစ္ေတာက႑ (ျမန္မာ့သစ္လုပ္ငန္း) အပါအဝင္ သဘာဝအရင္းအျမစ္ဆိုင္ရာ က႑လည္း ပါဝင္ရပါမည္။
  • အဆိုပါ စီးပြားေရး ဒဏ္ခတ္ ပိတ္ဆို႕မႈမ်ားသည္ တႏိုင္ငံႏွင့္ တိုက္ရိုက္ကုန္သြယ္မႈကို ပစ္မွတ္ထားရံုသာမကပဲ ႏိုင္ငံတကာ ေစ်းကြက္အတြင္း ကုန္ၾကမ္းႏွင့္ ကုန္ေခ်ာမ်ားကို လွည့္ပတ္ေရွာင္းကြင္းကာ တင္ပို႕ျခင္းကိုလည္း တားဆီးႏိုင္ရပါမည္။ သစ္ကုန္သြယ္မႈတြင္ဆိုလ ွ်င္ အီးယူသည္ ၄င္း၏ အီးယူတီအာ စည္းကမ္းမ်ားကို မလိုက္နာေသာ ျမန္မာႏိုင္ငံထံမွ သစ္တင္သြင္းေနမႈကို ခ်က္ခ်င္း တားျမစ္သည့္ ဘံုရပ္တည္ခ်က္တခုကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရပါမည္။ အျခား တရားမဝင္သစ္ကို တားျမစ္ေသာ ႏိုင္ငံမ်ားျဖစ္သည့္ အေမရိကန္၊ ၾသစေၾတးလ်ႏွင့္ ဂ်ပန္တို႕ကလည္း ေစ်းကြက္အတြင္း ျမန္မာ့သစ္မ်ား ေရာက္ရွိလာႏိုင္ေျခကို စံုစမ္းစစ္ေဆးႏိုင္ျပီး တရားမဝင္ အရင္းအျမစ္မွ လာေသာ သစ္မ်ားကို သိရွိ ကိုင္တြယ္ ေဆာင္ရြက္ရပါမည္။
  • ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ဦးေဆာင္ေသာ စစ္ေခါင္းေဆာင္မ်ား၏ ကုမၸဏီမ်ား၊ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း (အမ္အီးစီ) ႏွင့္ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (အမ္အီးအိတ္ခ်္အယ္လ္) တို႕၏ ဝင္ေငြထြက္ေငြမ်ား အားလံုးႏွင့္တကြ ၄င္းတို႕၏ ဓနအင္အားကို စံုစမ္းေထာက္လွမ္း စစ္ေဆးရပါမည္။

 ပုဂၢလိက သစ္ကုန္သြယ္ေရး ကကလည္း။   ။

  • ျမန္မာႏိုင္ငံတြင္ အစျပဳ ခုတ္ထြင္ ထုတ္လုပ္ထားေသာ သစ္ႏွင့္ သစ္ထြက္ကုန္ပစၥည္းမ်ား ေရာင္းဝယ္မႈအား အားမေပးဖို႕ လိုအပ္ပါသည္။ ထိုသို႕ အားမေပးရာတြင္ လက္ရွိ ဥပေဒမ်ားကို လွည့္ပတ္ေရွာင္ကြင္းကာ တတိယႏိုင္ငံမ်ားမွ တဆင့္ခံ ေရာင္းဝယ္မႈမ်ားကိုလည္း အားမေပးဖို႕ လိုအပ္ပါသည္။

 ယူေကအစိုးရ အေနျဖင့္လည္း။    ။

  • ကုလသမဂၢ လံုျခံဳေရးေကာင္စီ ဥကၠဌ အေနျဖင့္ ျမန္မာႏိုင္ငံမွ သစ္အပါအဝင္ သဘာဝ သယံဇာတမ်ား တင္ပို႕မႈအေပၚ စီးပြားေရး ဒဏ္ခတ္ ပိတ္ဆို႕ တားျမစ္ေရးအတြက္ ၾကိဳးပမ္းရပါမည္။
  • ျမန္မာႏိုင္ငံအား ဘ႑ာေရးေထာက္ပံ့မႈ မွန္သမ ွ်ကိုလည္း ျမန္မာစစ္အစိုးရႏွင့္တကြ ၄င္းတို႕၏ မိသားစုဝင္မ်ားႏွင့္ ၄င္းတို႕ လုပ္ကိုင္ေနေသာ ျမန္မာအစိုးရစစ္တပ္ဖြဲ႕ပိုင္ ကုမၸဏီမ်ားဆီသို႕ ေရာက္ရွိမသြားေစပဲ ျမန္မာႏိုင္ငံသားမ်ားထံသို႕ တိုက္ရိုက္ေရာက္ရွိ အက်ိဳးျပဳမႈ ေသခ်ာေစေရး လုပ္ေဆာင္ရပါမည္။