Timber firms found importing illicit Myanmar teak through Europe’s back door
LONDON: Traders are paying to ship illicit Myanmar teak into Europe via the back door, skirting import rules to get their hands on the valuable timber for high-paying clients to use for luxury products in the marine sector, such as superyacht decking.
The scheme is revealed in documents obtained by the London-based Environmental Investigation Agency (EIA) through a Freedom of Information request to Croatia’s Ministry of Agriculture.
In a new report released today (28 May), The Croatian Connection Exposed: Importing illicit Myanmar teak through Europe’s back door, EIA names the European firms involved.
The import/export documents obtained showed that 10 shipments of timber products totalling 144 tonnes arrived in Rijeka port, Croatia, starting in 2017 and with the most recent shipment in 2019. Invoices put the total value at nearly $1 million, although when supplied to the yacht-building industry the value would likely be substantially higher.
One shipment, from 2017, did not specify a final destination; the other nine went to companies in other parts of the EU: ABC Net (Slovenia), Crown Holdings (Belgium), HF Italy (Italy), Houthandel Boogaerdt (the Netherlands), Vandecasteele Houtimport (Belgium) and WOB Timber (Germany).
Three of them – Crown, Boogaerdt and Vandecasteele – have previously been found trading Myanmar teak which did not comply with the European Union Timber Regulation (EUTR), a mechanism intended to lock illegal timber out of EU markets.
At the centre of the scheme is the Croatian company Viator Pula and its sole director and shareholder, a man named Igor Popovič.
Both maintain a low profile and are being used by timber importers as a focal point to circumvent the EUTR, which requires rigorous due diligence to trace the legitimacy of timber back to the place it was cut.
However, only the “first placer” of timber on the EU market, known as the ‘operator’, – in this case the importer Viator Pula – is responsible for supplying all the legal documentation, the chain of custody covering the initial felling of a tree to the importation of the timber before it can be sold on to other parties who bear no responsibility for its origins.
There has not been a single instance to date where Myanmar teak was imported into the EU without breaching the EUTR because the opaque nature of its origins within Myanmar has been ruled on several occasions to prevent appropriate due diligence from being carried out.
There is now a ‘common position’ among EU authorities that it is not currently possible for timber operators to conduct adequate due diligence for Myanmar teak.
But when EIA investigators posing as potential timber buyers contacted Mr Popovič, he boasted: “… because of EUTR regulations, it is quite [an] advantage of importing through Croatia”.
Alec Dawson, EIA Forests Campaigner, said: “These importers evidently saw Croatia as a weak link and thought to exploit it, with Viator taking all the risks.
“But Croatia hasn’t turned out to be the soft touch some thought it would be. When the Croatian Ministry of Agriculture checked on those 10 shipments and examined Viator’s paperwork, they found documents were missing, some were incomplete or hard to read and there was a mixing of paperwork between shipments.
“There also appeared to be discrepancies in the stated value of shipments presented to Myanmar and then to Croatian Customs.
“Although this inspection by the Ministry of Agriculture is welcome, roughly 1,000 tonnes of Myanmar timber landed in Croatia in 2018 and 2019. This leaves large amounts of potentially illegal imports of timber unaccounted for.”
Faith Doherty, EIA Forests Campaign Leader, added: “To support Myanmar’s efforts to reform its forestry sector, these traders should abide by the laws in place here, in the EU.
“What we want to see is full compliance, proper disincentives with effective penalties and changes in the legislation to take action against those inciting, aiding or conspiring to circumvent the law.”
CONTACTS FOR MEDIA
EDITORS’ NOTES
Environmental Investigation Agency
62-63 Upper Street
London N1 0NY
UK
www.eia-international.org
Tel: +44 (0) 20 7354 7960
လန်ဒန် – မြန်မာနိုင်ငံမှ အဖိုးတန်ကျွန်းသစ်များကို ဥရောပသို့ တရားမဝင်မှောင်ခို လမ်းကြောင်းမှတဆင့် ကုန်သည်များသည် သွင်းကုန်ဥပဒေများကို ရှောင်ကွင်းကာ ငွေကြေးပေးကမ်း ခြင်းဖြင့် ဈေးကောင်း ပေးဝယ်သူများ ထံသို့ ဇိမ်ခံရွက်လှေ ကုန်းပတ်များပြုလုပ်ရန် ရောင်းချ တင်သွင်းလျက် ရှိကြောင်းသိရှိရသည်။
၎င်းဖြစ်စဉ်ပေါ်ပေါက်လာခြင်းမှာ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းရေးအဖွဲ့ (Environmental Investigation Agency (EIA) က ခရိုအေးရှားနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနသို့ သတင်းလွတ်လပ်ခွင့် သတ်မှတ် ချက်အရ (freedom of information) တောင်းခံရာမှ ရရှိလာသော စာရွက်စာတမ်းများတွင် ဖော်ပြ ပါရှိခြင်း ကြောင့်သိရှိရခြင်း ဖြစ်သည်။
ယနေ့ (၂၈ မေလ) တွင် ထုတ်ပြန်သည့် အစီရင်ခံစာ (ခရိုအေးရှားသစ်မှောင်ခိုလမ်းကြောင်း ဖော်ထုတ်ခြင်း- ဥရောပ မှောင်ခို လမ်းကြောင်းမှ ဥပဒေမဲ့မြန်မာ့ကျွန်းသစ်များ တင်သွင်းခြင်း) The Croatian Connection Exposed: Importing illicit Myanmar teak through Europe’s back door, တွင် ပါဝင်ပတ်သက်သည့် ဥရောပ ကုမ္ပဏီများ၏ အမည်စာရင်းကို EIA က ဖော်ထုတ်ထားသည်။
ရရှိလာသည့် သွင်းကုန်/ထုတ်ကုန်ဆိုင်ရာ စာရွက်စာတမ်းများအရ ၂၀၁၇ မှစပြီး သဘောင်္ (၁၀) စီးသည် စုစုပေါင်း သစ်ထုတ်ကုန် (၁၄၄) တန် ကို ခရိုအေးရှားနိုင်ငံ၊ ရီဂျဲကာ ဆိပ်ကမ်းသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ နောက်ဆုံး ၂၀၁၉ ခုနှစ်တွင် ဝင်ရောက်ခဲ့ကြောင်းသိရသည်။ ပြေစာများအရ တွက်ချက်ရာတွင် စုစုပေါင်း ဒေါ်လာ (၁) သန်း ခန့်ရှိသည်။ သို့သော်လည်း ဇိမ်ခံရွက်လှေများ တည်ဆောက်သည့် လုပ်ငန်းများသို့ ရောင်းချပါက တန်ဖိုး အဆမတန်မြင့်သွားနိုင်ချေ ရှိမည်ဖြစ်သည်။
၂၀၁၇ ခုနှစ်မှ သဘောင်္ တစ်စီးသည် ခရီးစဉ်အဆုံး ဆိုက်ကပ်မည့်နေရာကို ဖော်ပြထားခြင်းမရှိပေ။ အခြား သဘောင်္ (၉) စီးသည် ဥရောပသမဂ္ဂရှိ ကုမ္ပဏီများသို့ ရောက်ရှိသွားကြသည်။ ၎င်းတို့မှာ- ABC Net (စလိုဗေးနီးယား)၊ Crown Holdings (ဘယ်လ်ဂျီယံ)၊ HF Italy (အီတလီ)၊ Houthandel Boogaerdt (နယ်သာလန်)၊ Vandecasteele Houtimport (ဘယ်လ်ဂျီယံ)နှင့် WOB Timber (ဂျာမနီ) စသည်တို့ ဖြစ်ကြသည်။
ယင်းတို့မှ ကုမ္ပဏီ (၃) ခု ဖြစ်သည့် Crown ၊ Boogaerdt နှင့် Vandecasteele တို့သည် ယခင်က မြန်မာနိုင်ငံမှ တရားမဝင်သစ်များ ဥရောပဈေးကွက်သို့ ဝင်ရောက်မှုမရှိစေရေး သတ်မှတ်ထားသည့် ဥရောပသမဂ္ဂဆိုင်ရာ သစ် စည်းမျဉ်းများ (European Union Timber Regulation (EUTR)ကို ချိုးဖောက်ကာ ကုန်သွယ်ခဲ့ကြောင်း တွေ့ရှိထားသည့် ကုမ္ပဏီများလည်း ဖြစ်ကြသည်ကို တွေ့ရှိရသည်။
အဆိုပါကုန်သွယ်မှု ဖြစ်စဉ်တစ်လျှောက် အဓိက ပတ်သက်နေသည့်ကုမ္ပဏီမှာ ခရိုအေးရှားနိုင်ငံသားပိုင် ကုမ္ပဏီ- Viator Pula ဖြစ်ပြီး၊ Igor Popovič ဆိုသူက ကုမ္ပဏီ၏ တစ်ဦးတည်းသော ညွှန်ကြားရေးမှူး/ဒါရိုက်တာနှင့် ရှယ်ယာရှင် ဖြစ်သည်ကို တွေ့ရှိရသည်။
၎င်းနှင့် ၎င်း၏ ကုမ္ပဏီသည် သိုသိုသိပ်သိပ်နှင့်လုပ်ငန်းများကို ဆောင်ရွက်ပြီး သစ်တင်သွင်းသူများကလည်း ၎င်းအား ဆုံချက်အဖြစ် ထားကာ ဥရောပသမဂ္ဂဆိုင်ရာ သစ် စည်းမျဉ်းများ EUTR ကိုရှောင်ရှားခဲ့ကြသည်။ အဆိုပါ EUTR သည် သစ်ခုတ်လှဲသည့် နေရာမှစ၍ ဈေးကွက် ရောက်သည်အထိ တရားဝင် ထုတ်လုပ်မှု ဟုတ်မှန်ကြောင်း ခြေရာခံလိုက်ရာတွင် ကြိုတင်လေ့လာစုံစမ်းမှု (Due Diligence) လိုအပ်ကြောင်း တင်းကျပ်စွာ သတ်မှတ်ထားသည်။
သို့သော်လည်း၊ ဥရောပသမဂ္ဂဈေးကွက်သို့ သစ်များ “ဦးစွာတင်ပို့သူ” (သို့မဟုတ်) “သစ်တင်သွင်းသူ ကုန်သည်” (ယခုကိစ္စတွင် Viator Pula)က လိုအပ်သော တရားဝင် စာရွက်စာတမ်းများ ကို တင်ပြရန် တာဝန်ရှိသည်။ ဖော်ပြပါ စာရွက်စာတမ်းများက လွဲပြောင်းပိုင်ဆိုင်မှုကွင်းဆက် ဖြစ်သည့် သစ်ခုတ်သည့် အချိန်မှစပြီး တင်ပို့ရောင်းချသည့် အဆင့်ထိ ၎င်း၌ တာဝန်ရှိသည်။ ထိုမှတဆင့် မူလဇစ်မြစ်အပေါ် တာဝန်ခံရန် မလိုသည့် အခြားသူများ၏ လက်ဝယ်သို့ ရောင်းချနိုင်မည်ဖြစ်သည်။
ယနေ့အချိန်ထိ ဥရောပသို့ မြန်မာ့ကျွန်းသစ်များ တင်ပို့ရာတွင် EUTR ကိုချိုးဖောက်မှု မရှိပဲ ဝင်ရောက်ခဲ့သည့် အကြိမ် တစ်ကြိမ်မျှ မရှိခဲ့ပါ။ မြန်မာနိုင်ငံအတွင်းမှ သစ်၏ငုတ်ရင်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိသည့် အနေအထားကြောင့်သော်၎င်း၊ နားလည်ရန်ခက်ခဲသော သဘာဝကြောင့်သော်၎င်း၊ သင့်တော်သည့် ကြိုတင်လေ့လာ စုံစမ်း စစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။
လက်ရှိအနေအထားတွင် မြန်မာ့ကျွန်းသစ်များသည် သစ်တင်သွင်းလုပ်ကိုင်သူကုန်သည်များ (အော်ပရေတာ) အကြား လုံလောက်သောကြိုတင်လေ့လာ စုံစမ်းမှုများပြုလုပ်နိုင်သည့် အခြေအနေမရှိဟု ဥရောပသမဂ္ဂမှ အာဏာပိုင်များကြားတွင် “ဘုံသဘောတူညီချက်” တစ်ခု ရှိထားကြသည်။
သို့သော်လည်း EIA စုံစမ်းရေးမှူးများက သစ်ဝယ်ယူမည့် အသွင်ယူကာ၊ Mr Popovič ကို ဆက်သွယ်မှု ပြုလုပ်ခဲ့ရာ၊ ၎င်းက၊ “EUTR သတ်မှတ်ချက်တွေကြောင့် ခရိုအေးရှားကနေ တဆင့် တင်သွင်းတာဟာ အခွင့်ကောင်း တစ်ခုဘဲ” ဟု ဂုဏ်ယူဝင့်ကြွားခဲ့သည်။
EIA မှ သစ်တောများအရေး ဆောင်ရွက်သူ Alec Dawson က၊ ‘‘အခု သစ်တင်သွင်းတဲ့ သူတွေဟာ ခရိုအေးရှားကို ဥပဒေတင်းကျပ်မှု အားနည်းတဲ့နေရာလို့ မြင်ထားကြပြီး၊ အခွင့်ကောင်းယူ အမြတ်ထုတ်ဖို့ စီစဉ်ကြတာ တွေ့ရပါတယ်။ Viator နဲ့ ခေါင်းခံစွန့်စား ခဲ့တာကြတာပေါ့‘‘ ဟုပြောကြားခဲ့သည်။
‘‘ဒါပေမဲ့လည်း ခရိုအေးရှားကတော့ လူတစ်ချို့ထင်သလို ပြော့ညံ့တာတော့ မဟုတ်တာကိုတွေ့ရပါတယ်။ ခရိုအေးရှား စိုက်ပျိုးရေးဝန်ကြီးဌာနက အထက်က သင်္ဘော (၁၀) စီးလုံးကို စစ်ဆေးပြီး Viator ရဲ့ စာရွက် စာတမ်းတွေကိုလည်း စိစစ်မှုတွေပြုလုပ်ခဲ့ရာမှာ စာရွက်စာတမ်းတွေ ပျောက်နေတာ၊ မပြည့်စုံတာ၊ ဖတ်မရတာ တွေရှိပြီးတော့၊ သဘောင်္တစ်စီးနဲ့ တစ်စီးရဲ့ စာရွက် စာတမ်း တွေဟာလည်း ရောထွေးနေတာတွေကို တွေ့ခဲ့ရပါတယ်‘‘ဟု ပြောပြသည်။
‘‘မြန်မာနိုင်ငံနဲ့ ခရိုအေးရှားနိုင်ငံ အကောက်ခွန်တို့ကို တင်ပြခဲ့တဲ့ ငွေကြေးတန်ဖိုးတွေဟာလည်း ကွာဟ ချက်တွေ ရှိနေတဲ့ သဘော တွေ့ရပါတယ်‘‘ ဟု ပြောပြသည်။
“စိုက်ပျိုးရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေကို ကြိုဆိုလက်ခံပေမဲ့လည်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် အတွင်း ခရိုအေးရှားနိုင်ငံကို မြန်မာ့သစ်တွေ အကြမ်းဖျင်းအားဖြင့် တန်ချိန် ၁၀၀၀ ကမ်းကပ် ဆိုက်ရောက်ခဲ့တာ ရှိပါတယ်။ ၎င်းပမာဏအရ၊ စာရင်းမပေါက်ပဲ တရားမဝင်တင်သွင်းခဲ့တဲ့ သစ်ပမာဏ အများအပြားရှိနိုင်ပါတယ်” ဟု ပြောသည်။
EIA အဖွဲ့ရဲ့ သစ်တောများ အရေးဆောင်ရွက်သူ၊ အဖွဲ့ခေါင်းဆောင် Faith Doherty က၊ ‘‘မြန်မာနိုင်ငံရဲ့ သစ်တော ကဏ္ဍပြုပြင် ပြောင်းလဲမှုကို အထောက်အပံ့ဖြစ်စေဖို့ဆိုရင် ဒီသစ်ကုန်သည်တွေအနေနဲ့ ဥရောပ သမဂ္ဂမှာ သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာကြဖို့လိုပါမယ်။‘‘
‘‘ကျမတို့မြင်တွေ့ချင်တာကတော့ ဥပဒေကို အပြည့်အဝလိုက်နာတာမျိုး၊ အဟန့်အတားတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးတာမျိုး ဖြစ်စေချင်တာပါ။ ဥပဒေကို လက်တစ်လုံးခြားလွတ်အောင် လှုံ့ဆော်တာ၊ ကူညီတာ၊ လျှို့ဝှက်ပူးပေါင်းကြံစည်တာတွေကို အရေးယူဖို့နဲ့ ဥပဒေပိုင်းမှာ ပြောင်းလဲတာ တွေကို မြင်ချင်တာပါ‘‘ ဟု ထည့်သွင်း ပြောဆိုခဲ့သည်။