New EU sanctions target Myanmar timber and natural resources sector
မြန်မာဘာသာဖြင့် ဖတ်ရှုရန် အောက်ပိုင်းကို ဆက်ကြည့်ပါ။
LONDON: As the Council of the European Union today announced a new wave of sanctions against the brutal military regime in Myanmar, the London-based Environmental Investigation Agency (EIA) welcomed the move for recognising the importance of the county’s natural resources sector, especially timber exports, in generating hard currency for the regime.
EIA has led the call for targeted sanctions against the regime’s timber sector and the State-owned entities and individuals profiteering from its natural resources since the military coup of 1 February this year.
EIA has been providing EU member states with detailed information over the past few months explaining the positive impacts that sanctions against the State-run Myanmar Timber Enterprise, Khin Maung Yi (the country’s environment minister) and the Forest Products Joint Venture Corporation will have for the people and forests of Myanmar.
EIA campaigners have been exposing Myanmar’s illegal timber exports and the international timber traders profiting from this crime for the past decade.
Faith Doherty, EIA Forests Campaigns Leader, said: “In support of the Civil Disobedience Movement’s call from inside Myanmar to choke off funds which support this violent and illegitimate regime, we welcome the announcement today that additional sanctions include lucrative natural resources such as the timber sector.
“There is now no legal source for timber, including precious teak, to be imported from Myanmar into the EU.
“With these targeted sanctions, we will be able to stop the flow of hard currency to those who profit individually.”
CONTACTS FOR MEDIA
EDITORS’ NOTES
Environmental Investigation Agency
62-63 Upper Street
London N1 0NY
UK
www.eia-international.org
Tel: +44 (0) 20 7354 7960
ends
လန်ဒန်။ ။ ယနေ့တွင် ဥရောပသမဂ္ဂကောင်စီက မြန်မာအကြမ်းဖက် စစ်အစိုးရအား စီးပွားရေးဒဏ်ခတ်မှု အသစ်များ ကြေညာခဲ့ရာတွင် ထိုအစိုးရအတွက် နိုင်ငံခြားငွေ ရှာဖွေရာတွင် အရေးပါသည့် တိုင်းပြည်၏ သဘာဝအရင်းအမြစ်ကဏ္ဍ၊ အထူးသဖြင့် သစ်တောကဏ္ဍကို ထည့်သွင်း အသိအမှတ်ပြု ပြစ်ဒဏ်ချခဲ့သည်ကို လန်ဒန် အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ EIA က ကြိုဆိုလိုက်ပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရ၏ သစ်တောကဏ္ဍနှင့်တကွ အစိုးပိုင်ဆက်စပ် လုပ်ငန်းများနှင့် သဘာဝအရင်းအမြစ်များ ရောင်းချခြင်းဖြင့် အမြတ်အစွန်းရနေသော လူပုဂ္ဂိုလ်တဦးချင်းတို့ကို စီးပွားရေးဒဏ်ခတ်မှုများ ပြုလုပ်ကြရန် EIA က ဦးဆောင် ဆော်သြနေခဲ့ပါသည်။
EIA ၏ စည်းရုံးလှုပ်ရှားသူများသည် မြန်မာနိုင်ငံမှ တရားမဝင် သစ်တင်ပို့မှုများနှင့်တကွ ထိုကဲ့သို့ ရာဇဝတ်မှုများမှတဆင့် အကျိုးအမြတ်ရနေသော နိုင်ငံတကာသစ်ကုန်သည်များကို ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဖော်ထုတ်နေခဲ့ကြ၏။
EIA ၏ သစ်တောရေးရာ စည်းရုံးလှုပ်ရှားမှု ခေါင်းဆောင် ဖိတ်သ် ဒိုဟာတီ ကလည်း “တရားမဝင် အကြမ်းဖက် စစ်အစိုးရကို ထောက်ပံ့ပေးနေတဲ့ ငွေဝင်ပေါက်များအား ပိတ်ဆို့ရေးအတွက် မြန်မာနိုင်ငံအတွင်းမှလာတဲ့ လူထုအာဏာဖီဆန်မှု ကြွေးကြော်သံများကို ထောက်ခံခြင်းအားဖြင့် ဒီနေ့ အီးယူက ထပ်မံ ချမှတ်လိုက်တဲ့ စီးပွားရေး ဒဏ်ခတ်မှု အသစ်တွေထဲမှာ သစ်တောကဏ္ဍလို အကျိုးအမြတ်များစေတဲ့ သဘာဝအရင်းအမြစ်ကဏ္ဍ ပါဝင်မှုကို ကျွန်မတို့က ကြိုဆိုလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
“EIA အနေနဲ့ အစိုးရပိုင် လုပ်ငန်းဖြစ်တဲ့ မြန်မာ့သစ်လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဖြစ်သူ ဦးခင်မောင်ရီနှင့် သစ်တောနှင့် ဆက်စပ်ပစ္စည်းဆိုင်ရာ ဖက်စပ် ကော်ပိုရေးရှင်း တို့ကို ပစ်မှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုများက ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်ကို အီးယူအဖွဲ့ဝင်နိုင်ငံများအား အသေးစိတ် အချက်အလက်များ ပေးအပ်ခဲ့ပါတယ်။”
“အခုအချိန်မှာ မြန်မာနိုင်ငံကနေ အီးယူကို အဖိုးတန် ကျွန်းသစ် အပါအဝင် တရားဝင်သစ် တင်ပို့လာစရာ လမ်းကြောင်း မရှိတော့ပါဘူး။”
“အခုလို အသေအချာ ပစ်မှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေကြောင့် နိုင်ငံတကာဈေးကွက်က ကုန်သည်တွေ အပါအဝင် ဒီလို တရားမဝင် လုပ်ငန်းကနေ တဦးချင်း အမြတ်ထွက်နေသူတွေဆီကို နိုင်ငံခြားငွေ စီးဆင်းမှု ရပ်တန့်အောင် လုပ်နိုင်လာမှာ ဖြစ်ပါတယ်။”
စာနယ်ဇင်းများ ဆက်သွယ်ရန်
တည်းဖြတ်သူများ မှတ်ချက်
၁။ သဘာဝ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ EIA သည် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ရာဇဝတ်မှုများနှင့် အလွဲသုံးစား လုပ်မှုများကို ဆန့်ကျင်လှုပ်ရှားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့် အဖွဲ့ ဖြစ်ပါသည်။ EIA ၏ လျှို့ဝှက် စုံစမ်းစစ်ဆေးမှုများက ဆင်၊ သင်းခွေချပ်၊ ကျား ရေးရာများ၊ စားအုန်းဆီ ကဲ့သို့သော ဝင်ငွေရရေး အဓိကအားသည့် စိုက်ပျိုးရေးလုပ်ရန်အတွက် တရားမဝင် သစ်ထုတ်လုပ်မှုနှင့် သစ်တောပြုန်းတီးစေမှုများကို အဓိက အခြေပြုသော နိုင်ငံဖြတ်ကျော် သဘာဝ ပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆ္တာန် ဆိုင်ရာ ရာဇဝတ်မှုများကို ဖော်ထုတ်ခဲ့ပါသည်။ ပလတ်စတစ် ပြန့်ပွား ညစ်ညမ်းမှုကို ကိုင်တွယ်ခြင်း၊ တရားမဝင်ငါးဖမ်းခြင်းတို့ကို ဖော်ထုတ်ခြင်းနှင့် ဝေလငါးဖမ်းလုပ်ငန်း တခုလုံးကို အဆုံးသတ်ရေး လုပ်ဆောင်ခြင်း အားဖြင့်လည်း EIA က ကမ္ဘာလုံးဆိုင်ရာ ရေပြင် ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်ရေးကိုလည်း လုပ်ဆောင်နေပါသည်။ ထို့အပြင် ကမ္ဘာ့လေထုကို ကာဘွန်ဒိုင် အောက်ဆိုဒ်ထက် များစွာပိုပြီး ညစ်ညမ်းစေသည့် အအေးပေးစနစ်များတွင် အသုံးပြုသော ကမ္ဘာ့ ဖန်လုံအိမ် အာနိသင် ဖြစ်စေသည့် ဓာတုပစ္စည်းများ အသုံးပြုမှုကို လျှော့ချရေးနှင့်တကွ ၄င်းနှင့် ဆက်စပ်နေသည့် တရားမဝင် ကုန်သွယ်မှုများကို ဖော်ထုတ်ရေးကိုလည်း EIA က လုပ်ဆောင်နေခြင်းအားဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို ဖော်ထုတ် တိုက်ဖျက် နေပါသည်။
၂။ မြန်မာနိုင်ငံမှ တရားမဝင်သစ်များနှင့် ပတ်သက်သော သတင်းအရင်းအမြစ် အချက်အလက်များကို EIA ၏ ဝက်ဘ်ဆိုဒ်တွင် ထပ်မံသွားရောက် လေ့လာနိုင်ပါသည်။